ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

အိပ်မက်ပြိုတဲ့.......ည


ည......သည်လည်း
လမင်း......ကို
ငြိမ်........ငြိမ်.......လေး
ခစားနေရှာသည်......


လေညှင်းအချို့နှင့် အတူ
သက်ပြင်းတွေ ရောပါသွားတာ
ကျွန်တော်တစ်ယောက်ပဲ
သတိထားမိသလိုပဲ.......

ဆေးလိပ်မီးခိုးငွေ့တွေရယ်
အတိတ်ရဲ့ အပြုံးရိပ်တွေရယ်
ရင်ကြားထဲက အောင့်စူးစူးဝေဒနာရယ်နှင့်
ကျွန်တော့် မျက်ဝန်းတွေ ၀ါးလာတယ်......

အသဲငယ်တာ မဟုတ်ပါဘူး
မဆုံးရှူံးရဲသူရဲ့ ကျဆုံးခန်းမို့
ကျေးဇူးပြုပြီး .........
ကြယ်..မကြွေပါနဲ့..........။



Read more...

တကယ်တော့


တကယ်တော့....
ငါ လွမ်းခဲ့ပါတယ်...ကောင်မလေးရဲ့
ဟာတာတာ ရင်အစုံနဲ့ ငါဟာ
ဘယ်သူမှ မသိဘဲ ကြိတ်ငိုခဲ့ရတာပါ.....။

တကယ်တော့....
ငါ မျှော်လင့်ခဲ့ပါတယ်...ကောင်မလေးရဲ့
စိုးထိတ်မှုတွေနဲ့ ငါ့စိတ်တွေဟာ
အဖြူထည်သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့နေခဲ့ရတာပါ.....။

တကယ်တော့....
ငါ မင်းနဲ့ အဝေးဆုံးမှာ မရှိခဲ့ပါဘူး...ကောင်မလေးရဲ့
ရွေ့လျားနေတဲ့ ငါ့စိတ်အလျဉ်ဟာ
မင်းအနားမှာပဲ တ၀ဲလည်လည် ဖြစ်နေခဲ့ရတာပါ.....။

တကယ်တော့....
ငါ ဂရုမစိုက်ခဲ့တာ မဟုတ်ခဲ့ပါဘူး...ကောင်မလေးရဲ့
မင်းကို တန်ဖိုးထားတဲ့စိတ်က
မင်း ယုံကြည်တဲ့ အိပ်မက်တွေကို ရှင်သန်ခွင့်ပေးထားခဲ့တာပါ.....။

တကယ်တော့....
မင်းကို ချစ်ခဲ့ပါတယ်...ကောင်မလေးရဲ့
မြတ်နိုးမှုတွေနဲ့ ငါ့ချစ်ခြင်းတွေက
မင်း မသိတဲ့ငါ့နှလုံးသားတစ်ထောင့်မှာ ရှိနေခဲ့တာပါ.....။

တကယ်တော့....
မပြိုင်ခင်က တစ်ဝက်ရှူံးနေတဲ့ ငါ့မေတ္တာတရားအတွက်
မင်းရဲ့ လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းပေးချင်ခဲ့တာပါ.....။
မင်းရဲ့ အလှအပတွေ....မင်းရဲ့ ဂရုစိုက်မှုတွေ....
မင်းရဲ့ ငါ့အပေါ်နားလည်ပေးခဲ့ခြင်းတွေက
ငါ့ ရင်ထဲက ချစ်ခြင်းတွေကို မသက်ရောက်စေပါဘူး.....။

တကယ်တော့....
ငါ့နှလုံးသားထဲက " အချစ်ဆိုတာ အချစ်မျှသာ" လို့ယုံကြည်ခဲ့ခြင်းပါ...။
မင်းကို လိုအပ်ခြင်းကြောင့် ချစ်ခဲ့တာ မဟုတ်ပါဘူး....
မင်းကို ချစ်ခဲ့ခြင်းကြောင့်သာ လိုအပ်ခဲ့တာပါ.......။






Read more...

Power of One


one tree can start a forest.
one flower can awaken the dream.
one smile begins a friendship.
one laugh will conquer a gloom.

one candle destroys the darkness.
one sunbeam lights a room.
one breath brings life eternal.
one path will lead you home.
one touch can show you care.
one word must start each prayer.
one heart can know what ture is.
one life can make the difference and
that one is you !


Read more...

..... Gifts for you ...........


Whenever you feel happy,
Great delight will be given to celebrate together with you ...

Whenever you got in success,
Deep appreciation will be given to go on as your dreams ...

Whenever you feel down,
Warm hand with kindness will be given to encourage for new steps ...

Whenever you feel lonely,
My soul will be given to sit quietly and listen what you are feeling ...

Whenever you feel angry,
Humility will be given to be in peace of mind again ...

Whenever you are benighted,
Truth in my heart will be given to enlighten your mind again ...

Whenever you cry,
My tears will be given to weep together with you ...

Whenever you feel fear,
Wonderful bravery will be given to face against this ...


Read more...

အကြင်နာတွေနဲ့ ဖေးကူပါ


ပြဇာတ်တစ်ပုဒ်လို ခဏအချိန်လေးအတွင်းမှာ
ငါတို့ရဲ့ဘ၀တွေ အဆုံးတိုင် ပျောက်ကွယ်ပြီလား
ကြိုးစားပြီး အိုဆောက်တည်ခဲ့သမျှဟာ
အခုတော့ နံဘေးမှာ ဖိတ်စဉ်ကြွေကျ
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာ အသစ်က စရမလား
ပိုင်ဆိုင်ခဲ့သမျှ ငါတို့ ဘ၀ဟာ မမြဲခြင်းတရားတဲ့လား

ဆုံးရှုံးခဲ့ပြီ လူ့အသက်ပေါင်းများစွာ
မိသားစုများစွာ ကြိတ်ခါရှိုက်ငိုသံများ
နှလုံးသားထဲမှာ ပွင့်ဝေဆဲမေတ္တာ
ပေးအပ်ဖို့ရာ လက်ခံမယ့်သူရှိမလား
အကြင်သူမိဘ သားသမီးများစွာ
ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
အန္တရာယ်ရေပြင်ကျယ်ကြီးထဲမှာ
အချစ်နဲ့ဘ၀တွေ အဆုံးတိုင်ပျက်စီးသွား

(ဆုန်သင်းပါရ်) ပြန်လည်အစားထိုးရနိုင်မလား
ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
(ဟယ်ရီလင်း) ဆုံးရှုံးပျောက်ကွယ်ချိန်မှာ
နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

အမေပျောက်လို့လိုက်ရှာ ကလေးငယ်ပေါင်းများစွာ
ငိုကြွေးလို့ဟစ်အော် မိခင်ကြားနိုင်ပါ့မလား
အပြေးအလွှားလိုက်ရှာ အဖေ့ကိုလဲ မတွေ့ပါ
ထွေးပိုက်ဖို့ရာ ဖခင်ကော ပြန်လာမလား
အကြင်သူမိဘ သားသမီးများစွာ
ပြန်ဆုံဆည်းခွင့် ရနိုင်ပါ့မလား
မာယာအပြည့်နဲ့ မုန်တိုင်းအောက်မှာ
တွဲလက်ဖြုတ်ကာ အဝေးဆုံးဝေးခဲ့ရ

ငါ့ရဲ့နှုတ်ခမ်းတွေ ရမ်းရောင်ခြောက်ကပ်လာ
အသက်ဆက်ခွင့်ကို ရနိုင်ပါ့မလား
အသက်ပျောက်ခဲ့ပြီ ငှက်ငယ်လေးများမှာ
ရုပ်ဝတ္ထုတွေ မျောပါမြစ်ပြင်အနှံ့အပြား
ရေပြင်ကြီးရဲ့ ရက်စက်မှုမှာ အရာရာအသစ်က စနိုင်မလား..
သန်းခေါင်ယံညရဲ့ ဆုတောင်းများစွာ
ပြည့်ဝခွင့်ဟာ အားလုံးရဲ့ အဖြေလား (အူး.. အားလုံးရဲ့အဖြေလား)

ပြန်လည်အစားထိုးရနိုင်မလား
ပျော်ရွှင်စရာမိသားစု ကမ္ဘာလေးများစွာ
ဆုံးရှုံးပျောက်ကွယ်ချိန်မှာ နှစ်သိမ့်မှုကို ငါတို့ပေးနိုင်မလား
စာနာမှုနဲ့ ဖေးကူမလား ဒီမြေပေါ် အတူကြီးပြင်း တို့သွေးရင်းပါ
လက်တွဲအခုအချိန်မှာ လက်ကမ်းလို့ ကူပါ
အကြင်နာတွေနဲ့ ဖေးကူပါ

(လေးဖြူ) ဆုံးရှုံးခဲ့တဲ့ တို့ဘ၀တွေ အတူပြန်လည်တည်ဆောက်ကြမယ်
အနွေးထွေးဆုံးဒီအချစ်များနဲ့ အူး..
(မျိုးကြီး) ရင်ဆိုင်ကြဖို့ လက်တွေ အတူ.. တွဲထား အိုး ဘ၀တွေ တစ်ခေါက်ပြန်လှစေဖို့
အတူတူဖြစ်စေရမယ် တို့ရဲ့လက်များနဲ့ (လက်များနဲ့)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့
ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့်လက်များ ၀မ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ (အူး အချစ်နဲ့ဘ၀တွေ နာကြင်ခြင်း)

မင်း.. အချစ်နဲ့လက်များ ပေးလိုက်ပေါ့
ဘ၀များစွာ ရှင်သန်ဖို့ အခွင့်တွေဟာ ကူညီသူကို စောင့်စား
အချစ်.. ကမ်းမယ့် (တို့လက်များ) လက်များ
ဝမ်းနည်းမှု အိမ်ထဲ ကြေကွဲ ရေထဲ နာကြင်အဖေါ်မဲ့ ဘ၀တွေ



သီချင်းလေးကိုဒီက ခံစားကြည့်နိုင်ပါတယ်


Read more...