ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

ဇာတ်သိမ်းခန်း

ငါ ကျရှူံးခဲ့ပြီလား....
မင်းရဲ့ အပြုံးလေးတစ်ချက်ရဖို့ စောင့်စားခဲ့ရတာ
မာယာတွေသာ ငါအတွက်မွေးဖွားခဲ့လို့
မျှော်လင့်ရင်း....ကျရှူံးခဲ့ပြန်ပြီ.....။

စာနာမှုလေးတစ်ခုက
ငါ့အိပ်မက်တွေကို အသက်ဝင်စေခဲ့တာ
သတိရခြင်းတွေ အလှမ်းဝေးခဲ့လို့
အလွမ်းနဲ့.......မိတ်ဖွဲ့ရပြန်ပြီ.....။

တကယ်တော့...........
လောကဇာတ်ခုံပေါ်က ငါ့အတွက်
ဇာတ်ကွက်မှ မကျန်တော့တာ....
အသည်းကွဲ ဇာတ်သိမ်းခန်း တဲ့....။
ငါက အဲဒီလို မထင်ပါဘူး....
ကွဲဖို့ အသည်းမှ မကျန်တော့တာလေ...။

1 ယောက်ကတော့ ဒီလိုမြင်တယ်...:

Unknown said...

အသဲကွဲ ဇာတ်သိမ်းခန်းတဲ့ ... ငါကအဲဒီလိုမထင်ပါဘူး... ကွဲဖို့ အသဲမှမရှိတော့တာ ...
တွေ့ကြုံခဲ့ရတာခြင်းမတူရင်တောင်မှ ခံစားရတာခြင်းတော့ ထပ်တူညီပါတယ် ...