ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

ချစ်ခြင်းရဲ့ တောင်ပံတစ်စုံ

တစ်ခါတစ်လေမှာ...
ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုမျိုး ပြန်ရချင်တယ်...
မင်းကိုချစ်မိသွားချိန်မှာတော့....
တစ်ယောက်တည်းနေခဲ့တဲ့ငါဟာ အထီးကျန်ဆိုတာကို ရွံ့မုန်းတတ်လာတယ်...။

တစ်ခါတစ်လေမှာတော့...
ငှက်တစ်ကောင်ရဲ့ လွတ်လပ်မှုမျိုး လိုချင်တယ်.
ငါ လွတ်လပ်ခွင့်ရလိုက်ချိန်မှာတော့...
ပိတ်လှောင်နေတဲ့ငါ့ဘ၀ကနေ မင်းရှိရာကောင်းကင်မှာ အမြင့်ဆုံးထိပျံသန်းချင်သေးတယ်...။

ငါ မရည်ရွယ်ခဲ့ပါဘူး...
မင်းရဲ့နွေးထွေးတဲ့မေတ္တာတရားကြောင့်
ငါ့ရင်ထဲက ပန်းတစ်ပွင့် ဖူးပွင့်ဖို့ နေရောင်ခြည်ရခဲ့ပြီ...။

ငါ မမျှော်လင့်ရဲခဲ့ပါဘူး...
မင်းရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်စုံကြောင့်
ငါ့ဝင်သက်ထွက်သက်တိုင်းမှာ
မျှော်လင့်ခြင်းတွေ အရောင်တလက်လက်ဖြစ်ခဲ့ရပြီ...။

ငါ မခန့်မှန်းနိုင်ခဲ့ပါဘူး...
မင်းရဲ့ညင်သာတဲ့ထွေးပွေ့မှုတွေကြောင့်
ငါ့ခြေလှမ်းတိုင်းမှာ...
မင်းနှလုံးသားရှိရာဆီ အရောက်လာဖို့ အားအင်တွေရခဲ့ပြီ...။

တကယ်ကို ၀ိုးတ၀ါးပါပဲ...
ဒါပေမယ့် .........................
ရင်ရင်ချင်း အလင်းပြန်ခဲ့ခြင်းက
နှလုံးသားရဲ့ ဟိုးအတွင်းထိတိုင် ထိုးဖောက်မြင်ခဲ့ရပြီ...။

ဟိုး ခပ်လှမ်းလှမ်းမှာပါပဲ...
ိမင်းသာ ငါ့ကောင်းကင်ဖြစ်ခဲ့ရင်
ဘယ်လောက်ကံကောင်းလိုက်တဲ့ ငါဖြစ်လိမ့်မလဲ လို့...
ကျေးဇူးပြုပြီး ....မင်းကောင်းကင်တံခါးဖွင့်ပါနော်
မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ ငါပျံသန်းခဲ့ချင်လို့ပါ ....။





Read more...

မနက်ဖြန်များစွာ


မထိုက်တန်သူ ဆိုတော့
လွင့်မျောရမှာပဲ
ဒါပေမယ့်....................
လေနှင်ရာလွင့်ရအောင်လည်း
ငါ့ဘ၀က ရော်ရွက်ဝါမှ မဟုတ်တာ
မင်းအတွက် သီးသန့်ဆန်တဲ့ ချစ်ခြင်းရဲ့ပြယုဂ်က
ငါ့နှလုံးသားတစ်ထောင့်မှာ ပန္နက်ရိုက်ပြီးသား.......။

မယုံကြည်မှုဆိုတာ
မသေချာခြင်းရဲ့ အဆုံးရလဒ်တဲ့လား
ပြောခွင့်မရတဲ့ငါ့ချစ်ခြင်းအတွက်
နှလုံးသွေးတစ်စက်စက် ယိုစီးတောင်
ခံရမယ့်...........ငါပါ............။

ဝေးလွင့်မှာတစ်ခုနဲ့တင်
ငါ့ရင်ထဲက ဆန္ဒတွေက
မင်းနှလုံးသားခုံရုံးမှာ အယူခံဝင်ဖို့
ခြေလှမ်းတွေ ယိုင်နဲ့နေခဲ့တာ
ဒီတော့...........................
မင်း ပိုင်ဆိုင်မယ့် မနက်ဖြန်တိုင်းအတွက်
ငါ့အလွမ်းတွေ ရှင်သန်ခွင့်ပေးရုံမှတပါး
ငါ ဘာများလုပ်နိုင်ဦးမလဲ................။


Read more...

Walking In The Rain

Ben: sitting by the window
Singing songs of love
Wishing you were here
Because the memory's not enough
Wear my mask in silence
Pretending i'm alright
If you could see then you would be
Here standing by my side

It may be hard to believe
But girl you're the only one i need
It may be hard along the way
It's this feeling i get
When blue skies turn to grey

Feels like i'm walking in the rain
I find myself trying to wash away the pain
Cause i need you to give me some shelter
Cause i'm fading away
And baby, i'm walking in the rain

Christian: every single hour
Of every single day
I need to cry, my eyes are dry
I've cried my tears away
Can't help but remember
How you made me feel
You dressed my soul and made me whole
You made my life complete


plz listen here


Read more...

ပုစဉ်းရင်ကွဲ

လောဘကြီးတယ် လို့လည်း
ဝန်မခံချင်ဘူး.................
တကယ်တော့...ကျွန်တော်ဟာ
ဥယျာဉ်တစ်ခုလုံး မြိုချချင်တဲ့ လိပ်ပြာတစ်ကောင်

စိတ်ကူးတွေသာ ဖြစ်လာနိုင်ရင်
မသိစိတ်တစ်ထောင့်က ကျွန်တော့်ချစ်ခြင်းတွေ
အခန်းထဲမှာ ပြန့်ကျဲနေတဲ့ အလွမ်းတွေ
အတွေးတိုင်းမှာ ရှိနေတဲ့ သတိရခြင်းတွေ
သူ့ကို..သိစေချင်လိုက်တာ...............။

နှလုံးသားရဲ့ တက်မက်မှုတွေကို
သက်ပြင်းတွေနဲ့ မြေမြှုတ်ပစ်ရတာ အကြိမ်ကြိမ်ရှိပြီ
ဒါပေမယ့်လည်းဗျာ..................
ဖြူစင်မှုတွေနဲ့ ရှင်သန်နေတဲ့
ရိုးစင်းတဲ့ လမင်းလေးရှေ့မှာတော့
ကျွန်တော်ဟာလေ......................
အသံတိမ်သွားတဲ့........ပုစဉ်းရင်ကွဲတစ်ကောင်ဖြစ်ခဲ့ရပြီ....


Read more...

ဆန္ဒ

သွားစမ်းလို့စေရင်
ငါ.........မနေပါဘူး...

ကြွေစမ်းလို့စေရင်
ငါ.......မဝေပါဘူး.....

မင်းအတွက်....အလိုအပ်ဆုံးဟာ
ငါ..........မဟုတ်တော့ဘူးဆိုရင်
ငါ့အတွက် ............
အလိုအပ်ဆုံးကတော့
မင်း......ကျေနပ်သွားဖို့
တစ်ခုတည်းပါ...........


Read more...

ချစ်ခြင်း

တကယ်တော့
ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိတဲ့ မင်းအချစ်တွေကို
စွန့်လွှတ်ဖို့လဲမလိုအပ်ပါဘူး ....

တကယ်တော့
စွန့်လွတ်ခြင်း ဟု
ကြွေးကြော်ထားမှု၏နောက်ကွယ်မှာ
ပိုင်ဆိုင်လိုခြင်းဟာ ခိုအောင်းတည်ရှိနေတတ်စမြဲပဲ
ကိုယ့်ချစ်သူကို ပိုင်ဆိုင်ခွင့်ရဖို့ လူတိုင်းမျှော်လင့်တတ်ကြသည်ပဲ .....


Read more...

ခေါင်းမော့မှာတမ်း


မျက်လွှာချမျက်ရည်ဝဲ ..........
ရင်ထဲနွမ်းခြေလှမ်းတုံ့ .........
ခေါင်းမငုံ့နဲ့.....

အနားမှာဘယ်သူမှမရှိခဲ့ရင်တောင်
လောကဓံရဲ့ အလှောင်အပြောင် အဖိအနှိပ် အတိုက်အခိုက်
မင်း ... ကျော်လွှားဖို့ ခေါင်းမော့ထားလေ ......




Read more...