ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

ချစ်ခြင်းရဲ့ တောင်ပံတစ်စုံ

တစ်ခါတစ်လေမှာ...
ကလေးတစ်ယောက်ရဲ့ ဖြူစင်မှုမျိုး ပြန်ရချင်တယ်...
မင်းကိုချစ်မိသွားချိန်မှာတော့....
တစ်ယောက်တည်းနေခဲ့တဲ့ငါဟာ အထီးကျန်ဆိုတာကို ရွံ့မုန်းတတ်လာတယ်...။

တစ်ခါတစ်လေမှာတော့...
ငှက်တစ်ကောင်ရဲ့ လွတ်လပ်မှုမျိုး လိုချင်တယ်.
ငါ လွတ်လပ်ခွင့်ရလိုက်ချိန်မှာတော့...
ပိတ်လှောင်နေတဲ့ငါ့ဘ၀ကနေ မင်းရှိရာကောင်းကင်မှာ အမြင့်ဆုံးထိပျံသန်းချင်သေးတယ်...။

ငါ မရည်ရွယ်ခဲ့ပါဘူး...
မင်းရဲ့နွေးထွေးတဲ့မေတ္တာတရားကြောင့်
ငါ့ရင်ထဲက ပန်းတစ်ပွင့် ဖူးပွင့်ဖို့ နေရောင်ခြည်ရခဲ့ပြီ...။

ငါ မမျှော်လင့်ရဲခဲ့ပါဘူး...
မင်းရဲ့အပြစ်ကင်းတဲ့ အပြုံးတစ်စုံကြောင့်
ငါ့ဝင်သက်ထွက်သက်တိုင်းမှာ
မျှော်လင့်ခြင်းတွေ အရောင်တလက်လက်ဖြစ်ခဲ့ရပြီ...။

ငါ မခန့်မှန်းနိုင်ခဲ့ပါဘူး...
မင်းရဲ့ညင်သာတဲ့ထွေးပွေ့မှုတွေကြောင့်
ငါ့ခြေလှမ်းတိုင်းမှာ...
မင်းနှလုံးသားရှိရာဆီ အရောက်လာဖို့ အားအင်တွေရခဲ့ပြီ...။

တကယ်ကို ၀ိုးတ၀ါးပါပဲ...
ဒါပေမယ့် .........................
ရင်ရင်ချင်း အလင်းပြန်ခဲ့ခြင်းက
နှလုံးသားရဲ့ ဟိုးအတွင်းထိတိုင် ထိုးဖောက်မြင်ခဲ့ရပြီ...။

ဟိုး ခပ်လှမ်းလှမ်းမှာပါပဲ...
ိမင်းသာ ငါ့ကောင်းကင်ဖြစ်ခဲ့ရင်
ဘယ်လောက်ကံကောင်းလိုက်တဲ့ ငါဖြစ်လိမ့်မလဲ လို့...
ကျေးဇူးပြုပြီး ....မင်းကောင်းကင်တံခါးဖွင့်ပါနော်
မင်းနှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထိ ငါပျံသန်းခဲ့ချင်လို့ပါ ....။




0 ယောက်ကတော့ ဒီလိုမြင်တယ်...: