ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

သတိရခြင်းတွေ ပိုင်စိုးတဲ့ည


နေ့နေ့ညည မင်းအကြောင်းတွေး
စိတ်ကူးလေးတွေ ယဉ်နေမိတယ်
သတိရတိုင်း လွမ်းဆွေးလို့
ကဗျာလေးတွေလည်း ရေးနေမိတယ်
ခြေနေမပေး တနယ်စီဝေးပေမဲ့
ချစ်သူရေ.............အိပ်မက်တိုင်းမှာမင်းရှိတယ်ကွဲ့ ...။

ဘယ်လောက်ပဲဝေးဝေးပြေးခဲ့လည်း
ကိုယ့်စိတ်ထဲကိုယ်တော့..ရုန်းမထွက်နိုင်ခဲ့ပါဘူး
သတိရတယ်ဆိုတာ....တိုက်ဆိုင်လို့တဲ့
နင့်ကိုမလွမ်းမိအောင်တော့
အသည်းအသန်ကြိုးစားနေရတယ်.....ကောင်မလေးရေ
နားထဲရောက်လာတဲ့ အသံတွေကရော.....နင့်အသံနဲ့တူလိုက်တာ
မျက်စိတောင်မမှိတ်ရဲတော့ဘူး.......နင့်မျက်နှာတွေဝဲ၀ဲလာလို့
သတိရစိတ်နဲ့အိပ်မက်ညတွေထဲ......မင်းပုံရိပ်ပဲစိုးမိုးဆဲမို့
မိုးလင်းသွားမှာတွေးကြောက်မိတယ်..။


1 ယောက်ကတော့ ဒီလိုမြင်တယ်...:

nwayeeinlinn said...

ကိုသူ
သတိရခြင်းတွေ၊ ပိုင်စိုးတဲ့ညဆိုတဲ့
ခေါင်းစဉ်လေးအတိုင်း ကဗျာလေးက
အသက်ဝင်နေတယ်...
ရင်ထဲကခံစားမှုတွေကိုထွင်းဖောက်
မြင်နိုင်လောက်အောင် စာသားလေးတွေက
နှူးညံ့သိမ်မွေ့ ပါတယ်...
ချိုမြိန်လှပတဲ့ ကဗျာလေးတစ်ပုဒ်ပါပဲ...
ကျွန်မနှစ်သက်ပါတယ်...