ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

ကြေကွဲခြင်း


ချစ်သူရေ
မင်းရဲ့အပြုံး မိုးတစ်စက်
ငါ့နှလုံးသား ပျိုးခင်းထက်ကို
ဘယ်တော့များမှ ဖျန်းပက်မှာလဲ

မကြင်နာချင်နေပါ
ရင်တော့မနာပါရစေနဲ့
မချစ်ရင်လည်းနေပါ
ပစ်ခွာတော့ မပြေးပါနဲ့
နှုတ်ဆိတ်လို့နေချင်နေပါ
အမုန်းတော့ တဆိတ်မကြားပါရစေနဲ့
နှလုံသားကို တံခါးပိတ်ကြိတ်မှိတ်လို့ နေပါ့မယ်
သနားတယ် ဆိုတဲ့စကား
ငါ့နားမှာ ခါးလွန်းလို့ပါ

မျဉ်းပြိုင်နှစ်ကြောင်းလို
မင်းနဲ့ငါ့ရဲ့အချစ်အကြောင်း
ဘယ်အခါမှ မပြောင်းလဲပေမယ့်
ထာဝရတိုင်အောင်လည်း
မပေါင်းဆုံနိုင်ပါဘူးလေ

နယူတန်ရဲ့နိယာမတရား
သက်ရောက်မှု့အတွက်
တန်ပြန်သက်ရောက်ခဲ့လို့
လားရာတွေ...ဆန့်ကျင်ခဲ့ရတယ်
ငါ့ရဲ့အပြုံးက...မင်းအတွက် အမုန်းတွေဖြစ်လို့
ငါ့ရင်လည်း...ကွဲကြေခဲ့ရတယ်......။

အပင်ပျိုးခဲ့မိတာ
အကျိုးလိုလို့ မဟုတ်ပါဘူး
ငါ့ရင်ဘတ်ထဲက ပန်းတစ်ပွင့်
မင်းအတွက် ရနံ့မသင့်ခဲ့ရင်တောင်
ထာဝရတိုင်အောင် ယုယလို့နေဦးမှာပေါ့

1 ယောက်ကတော့ ဒီလိုမြင်တယ်...:

nwayeeinlinn said...

“ငါ့ရဲ့အပြုံးက မင်းအတွက် အမုန်းတွေဖြစ်လို့ 
ငါ့ရင်လည်း ကွဲကြေခဲ့ရတယ်” ဆိုပြီး
နယူတန်ရဲ့ တတိယ နိယာမနဲ့ 
နှိုင်းယှဉ်ဖွဲ့ နွဲ့ ထားတာလေးက
အသွင်တစ်မျိုးပေါ့…
“ငါ့ရင်ဘတ်ထဲက ပန်းတစ်ပွင့်
မင်းအတွက် ရနံ့ မသင့်ခဲ့ရင်တောင်
ထာဝရတိုင်အောင် ယုယလို့ နေဦးမှာပေါ့”
ဆိုတဲ့ စာသားလေးက “ချစ်ခြင်းရဲ့ အနုပညာ”လို့ 
ခံစားသတ်မှတ်မိပါတယ်…