ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

တကယ်တော့


တကယ်တော့....
ငါ လွမ်းခဲ့ပါတယ်...ကောင်မလေးရဲ့
ဟာတာတာ ရင်အစုံနဲ့ ငါဟာ
ဘယ်သူမှ မသိဘဲ ကြိတ်ငိုခဲ့ရတာပါ.....။

တကယ်တော့....
ငါ မျှော်လင့်ခဲ့ပါတယ်...ကောင်မလေးရဲ့
စိုးထိတ်မှုတွေနဲ့ ငါ့စိတ်တွေဟာ
အဖြူထည်သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့နေခဲ့ရတာပါ.....။

တကယ်တော့....
ငါ မင်းနဲ့ အဝေးဆုံးမှာ မရှိခဲ့ပါဘူး...ကောင်မလေးရဲ့
ရွေ့လျားနေတဲ့ ငါ့စိတ်အလျဉ်ဟာ
မင်းအနားမှာပဲ တ၀ဲလည်လည် ဖြစ်နေခဲ့ရတာပါ.....။

တကယ်တော့....
ငါ ဂရုမစိုက်ခဲ့တာ မဟုတ်ခဲ့ပါဘူး...ကောင်မလေးရဲ့
မင်းကို တန်ဖိုးထားတဲ့စိတ်က
မင်း ယုံကြည်တဲ့ အိပ်မက်တွေကို ရှင်သန်ခွင့်ပေးထားခဲ့တာပါ.....။

တကယ်တော့....
မင်းကို ချစ်ခဲ့ပါတယ်...ကောင်မလေးရဲ့
မြတ်နိုးမှုတွေနဲ့ ငါ့ချစ်ခြင်းတွေက
မင်း မသိတဲ့ငါ့နှလုံးသားတစ်ထောင့်မှာ ရှိနေခဲ့တာပါ.....။

တကယ်တော့....
မပြိုင်ခင်က တစ်ဝက်ရှူံးနေတဲ့ ငါ့မေတ္တာတရားအတွက်
မင်းရဲ့ လိုအပ်ချက်တွေကိုသာ ဖြည့်ဆည်းပေးချင်ခဲ့တာပါ.....။
မင်းရဲ့ အလှအပတွေ....မင်းရဲ့ ဂရုစိုက်မှုတွေ....
မင်းရဲ့ ငါ့အပေါ်နားလည်ပေးခဲ့ခြင်းတွေက
ငါ့ ရင်ထဲက ချစ်ခြင်းတွေကို မသက်ရောက်စေပါဘူး.....။

တကယ်တော့....
ငါ့နှလုံးသားထဲက " အချစ်ဆိုတာ အချစ်မျှသာ" လို့ယုံကြည်ခဲ့ခြင်းပါ...။
မင်းကို လိုအပ်ခြင်းကြောင့် ချစ်ခဲ့တာ မဟုတ်ပါဘူး....
မင်းကို ချစ်ခဲ့ခြင်းကြောင့်သာ လိုအပ်ခဲ့တာပါ.......။





2 ယောက်ကတော့ ဒီလိုမြင်တယ်...:

babygurl said...

ကဗျာလေးက အရမ်းကောင်းတယ်.. အားပေးနေပါတယ်.. ဆက်ရေးဦးနော်

U Lawkanartha said...

ကဗျာဖွဲ့တာကကောင်းလှပါတယ်။
ဒါပေမဲ့......အချစ်..
အချစ်ဆိုတာက မတုန့်ပြန်တော့လဲ ပူလောင်လှပါတယ်။ တုန့်ပြန်တော့လဲ ပူလောင်တာပါပဲ။ ဒီတော့ကာ.. မေတ္တာတွေထားနိုင်အောင် ကျိုးစားကြည့်မယ်၊ မေတ္တာကမတုန့်ပြန်လဲ အေးချမ်းတယ်၊ တုန့်ပြန်တော့လဲ အေးချမ်းလှပါတယ်။ ဒါကြောင့် သူတို့အားလုံးအပေါ်မှာ မေတ္တာလေးတွေ ထားကြရအောင်။ ငြိမ်းချမ်းမှုဟာ အဓိကပါနော်။