ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

အိပ်မက်ပြိုတဲ့.......ည


ည......သည်လည်း
လမင်း......ကို
ငြိမ်........ငြိမ်.......လေး
ခစားနေရှာသည်......


လေညှင်းအချို့နှင့် အတူ
သက်ပြင်းတွေ ရောပါသွားတာ
ကျွန်တော်တစ်ယောက်ပဲ
သတိထားမိသလိုပဲ.......

ဆေးလိပ်မီးခိုးငွေ့တွေရယ်
အတိတ်ရဲ့ အပြုံးရိပ်တွေရယ်
ရင်ကြားထဲက အောင့်စူးစူးဝေဒနာရယ်နှင့်
ကျွန်တော့် မျက်ဝန်းတွေ ၀ါးလာတယ်......

အသဲငယ်တာ မဟုတ်ပါဘူး
မဆုံးရှူံးရဲသူရဲ့ ကျဆုံးခန်းမို့
ကျေးဇူးပြုပြီး .........
ကြယ်..မကြွေပါနဲ့..........။


1 ယောက်ကတော့ ဒီလိုမြင်တယ်...:

nwayeeinlinn said...

ကိုသူရေ
ဘယ်လိုပဲဖြစ်ဖြစ်
အမုန်းတွေကို မခံယူခဲ့ရ
နာကျင်ကြေကွဲမှူတွေကို မခံစားခဲ့ရပဲ
အလွမ်းလေးတွေနဲ့ နှစ်သိမ့်နေနိုင်တာဟာလည်း
ကျေနပ်စရာပဲပေါ့ နော်။