ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

မင်းကို သိပ်ချစ်တယ်....


မသေချာဘူး တဲ့လား ကောင်မလေးရေ
မင်းကို တွေ့တော့မှ
မသေချာတာတွေအတိနဲ့ ငါ့ဘဝ
သေချာမှုတွေ ရှိလာခဲ့တယ်.....။

ငါ့ရင်ထဲက လမင်းအတွက်
အိပ်မပျော်တဲ့ညတွေ ဘယ်လောက်များနေပြီလဲ ဆိုတာ
ဘယ်သူတွေသိနိုင်မှာလဲ ?

ငါ့ဘ၀ အမှောင်ညတွေမှာ
မင်းက ငါ့အတွက် အေးမြတဲ့အလင်းရောင်ပါပဲ
့လမင်းကိုရဖို့ ရူးသွပ်သလိုမျိုး
ငါလေ.......ရူးသွပ်ခဲ့ဖူးတယ်.......။

ဒါကို အချစ် လို့ခေါ်နိုင်သလား ?
ဘာလို့ဆိုတော့..................
မင်းက ငါ့နှလုံးသား ၀ိဥာဉ်နဲ့အတူ ရှိနေခဲ့တယ်...
မင်းကို ဘယ်လိုမေ့နိုင်မှာလဲ ?

တကယ်တော့........
မင်းက ငါ့အတွက် လမင်းတစ်စင်းဖြစ်သလို
ကန္တာရထဲက ရေကြည်တစ်ပေါက်လိုပါပဲ...
မင်းကို ငါလိုအပ်တယ်...
မင်း သိလား ?
မင်းကို သိပ်ချစ်တယ်....မင်းကို သိပ်လွမ်းတယ်....သတိရနေတယ်ကွာ...

0 ယောက်ကတော့ ဒီလိုမြင်တယ်...: