ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

မျှော်လင့်ခြင်းများ


ဝိုးတ၀ါးပါပဲ
ညက တိတ်ဆိတ်ပြီး ရိုးရှင်းနေခဲ့တယ်
ညဥ့်ရဲ့ဖမ်းစားမှုအောက်က
ပြန့်ကျဲနေတဲ့ အလွမ်းပုံထဲမှာ
မင်းကို လိုက်ရှာနေမိတယ်......။

မင်းနဲ့ဝေးတဲ့ တဒင်္ဂအခိုက်အတန့်ဟာ
အထီးကျန်ခြင်းတွေ
ငါ့ဆီပြေးလာနေသလိုပါပဲ...
ဒါပေမယ့်...
" မင်းရင်ထဲမှာ ငါရှိနေခဲ့တယ် " ဆိုတဲ့အသိတစ်ခုနဲ့တင်
ငါဝိဥာဉ်က မင်းနံဘေးမှာ ပျော်နေတတ်ခဲ့ပြီ....။

တကယ်တော့
ဒါဟာ ရူးသွပ်မှုတစ်ခု မဟုတ်ဘူး ဆိုတာ ငါသိတယ်..
ငါ့တိတ်တခိုးချစ်ခြင်းက ငါ့ကိုချည်နှောင်ခဲ့တာလေ....
ဒါပေမယ့်...ငါ ရိုးရိုးလေးပဲ ချစ်ချင်တယ်...
ဒီတော့... ဘာမျက်နှာဖုံးမှ မပါတဲ့ငါ့ချစ်ခြင်းအတွက်
ငါ့မျှော်လင့်ခြင်းတွေကို ရှင်သန်ခွင့်ပြုပါ.....။

0 ယောက်ကတော့ ဒီလိုမြင်တယ်...: