အမှတ်တရရှိခဲ့တဲ့ China နေ့ရက်များ
သြော်...ဘာမှ မကြာလိုက်သလိုပါပဲလား..
ရာသီစက်ဝန်းတစ်ပတ်လည်လို့ မိုးစက်တွေတောင် ကျွန်တော့်နံဘေးမှာ အဖော်အဖြစ်ရှိနေခဲ့ပြန်ပြီ...။ တကယ်တော့ အေးမြလှတဲ့ မိုးစက်တွေရဲ့အောက်မှာ ကျွန်တော်ဟာ ခိုက်ခိုက်တုန်ရှိနေသင့်တာပါ..
ဒါပေမယ့် အဲဒီအေးမြမှုကို အံတုပြီး ဟိုးခပ်ဝေးဝေးက September ရဲ့နေရောင်တွေအောက်က သူငယ်ချင်းနှစ်ယောက်ကို ပြန်မြင်ယောင်နေခဲ့မိတယ်...
ခပ်ပေပေ ခပ်တေတေနေလာခဲ့တာလဲ နှစ်လကျော်သွားပြီ..
ငါ ဒီကို ဘာအတွက်ရောက်လာခဲ့သလဲ ဆိုတဲ့အတွေးတွေကြားမှာ ကျွန်တော်ဟာ ကွန်ပြူတာရှေ့ငုတ်တုတ်ထိုင်ပြီး ဟိုဟိုဒီဒီ အချိန်တွေဖြုန်းနေရုံပါပဲ...
ဒီလိုနဲ့နေလာခဲ့တာ ကောင်မလေးတစ်ယောက်နဲ့သူငယ်ချင်းဖြစ်လာခဲ့တယ်..
အဲဒီကောင်မလေး ရင်ထဲကိုရောက်လာခဲ့လိမ့်မယ် လို့မထင်ခဲ့မိဘူး..
အခုချိန်မှာတော့ အမှတ်တရ China နေ့ရက်များအကြောင်းပြန်ပြောရင်တော့
တစ်ကယ်ကို ၀မ်းသာတာတစ်ခုကတော့...
ဒီလိုနဲ့ မမြင်နိုင်တဲ့ သံယောဇဉ်တွေကြားမှာ...ကျွန်တော်တို့ ပျော်ခဲ့ကြတယ်..
အကောင်းအဆိုးမခွဲခြားပဲ မျှဝေခံစားပေးခဲ့ကြတယ်..
ပြီးတော့ ရက်ကို လစား..လကို နှစ်တွေက မြိုချလိုက်ပြီထင်ပါ့..
ကျွန်တော်တို့ ဝေးကွာသွားကြပြီလား...
မျဉ်းပြိုင်နှစ်ကြောင်းပေါ် ရောက်သွားတာကြပြီလား ဆိုတာ မသိတော့ပါဘူး...
ဒါပေမယ့် ကျွန်တော် ယုံကြည်ပါတယ်...
သံသရာစက်ဝိုင်းပေါ်က ကျွန်တော်တို့နှစ်ယောက် ကမ္ဘာမြေရဲ့တစ်ထောင့်တစ်နေရာမှာတော့ ပြန်ဆုံကြရမယ် ဆိုတာကိုပါ...အရင်လို နွေးထွေးမှုတွေကိုလည်း ပြန်ရချင်ပါသေးတယ်...
နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း...
တစ်ယောက်တစ်နေရာဆီ ဘယ်လောက်ပင် ဝေးကွားပါစေ
ကျွန်တော့်ရင်ထဲမှာ အဲဒီ့ကောင်မလေး ရှိနေမှာပါ...
ကျွန်တော့်ကို အားပေးတတ်သော...........
ညင်သာတဲ့ စကားလုံးတွေနဲ့ နှစ်သိမ့်ပေးခဲ့သော......
နူးညံ့တဲ့ စိတ်ထားတွေကို ပိုင်ဆိုင်သော.........
သူတစ်ပါးခံစားချက်ကို နားလည်ပေးတတ်သော....
တစ်ခါတစ်လေမှာ စိတ်ကောက်တတ်သော....
ဒီလိုမျိုးလေးတွေနဲ့သူက ကျွန်တော်အလိုချင်ဆုံးကိုလည်း ပေးခဲ့ပါသေးတယ်...ဒါဟာ အကြီးမားဆုံးဆုလဒ်တစ်ခု မဟုတ်တောင် နှစ်သိမ့်ဆုလေးဖြစ်ခဲ့ရင်တောင်မှ
ကျွန်တော် ကျေနပ်နေမှာပါ....
ရင်ထဲမှာလဲ တစ်သက်လုံးကျန်နေခဲ့မှာပါ....
" u r someone who understand on me "
Read more...
Posted at 9:56 PM | | 1 Comments
ကြေကွဲခြင်း
မင်းရဲ့အပြုံး မိုးတစ်စက်
ငါ့နှလုံးသား ပျိုးခင်းထက်ကို
ဘယ်တော့များမှ ဖျန်းပက်မှာလဲ
မကြင်နာချင်နေပါ
ရင်တော့မနာပါရစေနဲ့
မချစ်ရင်လည်းနေပါ
ပစ်ခွာတော့ မပြေးပါနဲ့
နှုတ်ဆိတ်လို့နေချင်နေပါ
အမုန်းတော့ တဆိတ်မကြားပါရစေနဲ့
နှလုံသားကို တံခါးပိတ်ကြိတ်မှိတ်လို့ နေပါ့မယ်
သနားတယ် ဆိုတဲ့စကား
ငါ့နားမှာ ခါးလွန်းလို့ပါ
မျဉ်းပြိုင်နှစ်ကြောင်းလို
မင်းနဲ့ငါ့ရဲ့အချစ်အကြောင်း
ဘယ်အခါမှ မပြောင်းလဲပေမယ့်
ထာဝရတိုင်အောင်လည်း
မပေါင်းဆုံနိုင်ပါဘူးလေ
နယူတန်ရဲ့နိယာမတရား
သက်ရောက်မှု့အတွက်
တန်ပြန်သက်ရောက်ခဲ့လို့
လားရာတွေ...ဆန့်ကျင်ခဲ့ရတယ်
ငါ့ရဲ့အပြုံးက...မင်းအတွက် အမုန်းတွေဖြစ်လို့
အပင်ပျိုးခဲ့မိတာ
အကျိုးလိုလို့ မဟုတ်ပါဘူး
ငါ့ရင်ဘတ်ထဲက ပန်းတစ်ပွင့်
မင်းအတွက် ရနံ့မသင့်ခဲ့ရင်တောင်
ထာဝရတိုင်အောင် ယုယလို့နေဦးမှာပေါ့
Read more...
Posted at 2:35 AM | Labels: ကဗျာ, ချစ်ခြင်း | 1 Comments
သတိရခြင်းတွေ ပိုင်စိုးတဲ့ည
စိတ်ကူးလေးတွေ ယဉ်နေမိတယ်
သတိရတိုင်း လွမ်းဆွေးလို့
ကဗျာလေးတွေလည်း ရေးနေမိတယ်
ခြေနေမပေး တနယ်စီဝေးပေမဲ့
ချစ်သူရေ.............အိပ်မက်တိုင်းမှာမင်းရှိတယ်ကွဲ့ ...။
ဘယ်လောက်ပဲဝေးဝေးပြေးခဲ့လည်း
ကိုယ့်စိတ်ထဲကိုယ်တော့..ရုန်းမထွက်နိုင်ခဲ့ပါဘူး
သတိရတယ်ဆိုတာ....တိုက်ဆိုင်လို့တဲ့
နင့်ကိုမလွမ်းမိအောင်တော့
အသည်းအသန်ကြိုးစားနေရတယ်.....ကောင်မလေးရေ
နားထဲရောက်လာတဲ့ အသံတွေကရော.....နင့်အသံနဲ့တူလိုက်တာ
မျက်စိတောင်မမှိတ်ရဲတော့ဘူး.......နင့်မျက်နှာတွေဝဲ၀ဲလာလို့
သတိရစိတ်နဲ့အိပ်မက်ညတွေထဲ......မင်းပုံရိပ်ပဲစိုးမိုးဆဲမို့
မိုးလင်းသွားမှာတွေးကြောက်မိတယ်..။
Read more...
Posted at 5:49 AM | Labels: ကဗျာ, ချစ်ခြင်း | 1 Comments
အတ္တများနဲ့ ဥယျာဉ်မှူး
ကိုယ်တိုင်ပြုစုပျိုးထောင်ပေးတဲ့ပန်းတွေကို ဝေေ၀ဆာဆာဖြစ်အောင် လုပ်ချင်ကြတာ
ဥယျာဉ်မှူးအတော်များများရဲ့ ဆန္ဒတစ်ခုပဲ လို့ကျွန်တော်ထင်ပါတယ်..
Read more...
Posted at 5:25 AM | Labels: ခံစားမှု | 1 Comments
လွဲမှားနေတဲ့ ခြေလှမ်းများ
ဟိုးခပ်လှမ်းလှမ်းကို မျှော်ကြည့်လိုက်ရင်ပဲ
ကျွန်တော်ကို တဖန်ပြန်စောင်းကြည့်သေးတယ်...
ဒီလိုနဲ့.....လျှောက်လာခဲ့တယ်.....
ခြေလှမ်းရဲ့ ဦးဆောင်ရာနောက်မှာ ခန္ဓာကိုယ်ကြီးဟာလည်း
လူ့သက်တမ်းရဲ့ သုံးပုံတစ်ပုံအလွန်က
ရာစုဟောင်းတွေမှာ အကောင်းမဖြစ်ခဲ့သလို ရာစုသစ်တွေဆီကိုလည်း
ယောင်လို့တောင် မမှန်းကြည့်ရဲသေးဘူး...
လေလွင့်နေတဲ့ စွန်လေးလို
ကောင်းကင်ထက်မှာ တလူလူတော့ လွှင့်တက်နေလေရဲ့...
ဒါပေမယ့်
ခေါင်းထဲမှာ ရေးတေးတေး ကျန်ခဲ့တယ်...
ဘာလိုလိုနဲ့...၀င်ကစွပ်ကောင်လိုပါပဲ...
သူများခန္ဓာအငှားနဲ့ အသက်ဆက်နေရတဲ့ ဘ၀ကို ပြန်လက်ခံရတော့မယ်...
တကယ်တော့ ခံယူချက် အတွေးအခေါ်မတူတဲ့လမ်းတွေပေါ်မှာ
လျှောက်ရတာ ပင်ပန်းလွန်းလှပါတယ်..
တစ်ခါတစ်လေမှာတော့ ငါဆိုတာ ငါမှန်းတောင်မသိလောက်အောင်ပါပဲ...
အာဃာတတွေ အငြိုးတွေမရှိဘဲနဲ့
မင်းဘာကောင်လဲ ငါဘာကောင်လဲ ဆိုတဲ့ အသိုင်းအ၀ိုင်းဆီကနေ
ပြေးထွက်ချင်လိုက်တာ...
တစ်ကယ်တော့
ဒါပေမယ့်လည်း....ငါဆက်လျှောက်ရအုံးမယ်....
ဘယ်အချိန်တွေအထိ ငါဆက်လျှောက်ရအုံးမလဲ ငါမသိဘူး....
'' ခြေလှမ်းတွေမှာ မျှော်လင့်ခြင်းတွေတော့ မဲ့နေလေရဲ့.....
ငါ....ဆိုတဲ့အတ္တဆီကနေ ခပ်ဝေးဝေးမှာ နေရာယူနေလေရဲ့........''
....................................................................................
...................................................................................
" အို...အသင်လောကကြီး.......သင်သာတတ်နိုင်ခဲ့ရင်....
ငြိမ်းချမ်းသော ကမ္ဘာဆီ ခြေလှမ်းတွေကို ဦးတည်ခွင့်ပေးပါ...
လွဲမှားနေတဲ့ခြေလှမ်းတွေကို ပြင်ဆင်ခွင့်ပေးပါ..
ခြေလှမ်းတိုင်းမှာ ယုံကြည်မှုအပြည့်ပေးပါဗျာ....''
Read more...
Posted at 11:05 PM | Labels: ခံစားမှု | 2 Comments