ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

....ကျိန်စာ.....


အဟုန်နဲ့ စုန်ဆင်း
ရင်ထဲက မြစ်တစ်စင်းကို
အတင်းပိတ်ဆည်ဖို့ တားလို့တော့မရဘူး

ရေလာရာ မြောင်းပေး
တစ်စက်ကလေးမှ လမ်းမဖွင့်ပေးဘူး ဆိုလည်း
မင်းနှလုံးသားမြို့ရိုး ရေမလွမ်းမိုးစေဖို့
ငါ့ဘ၀ မြစ်ညှာမှာ
အချစ်မိုးခေါင်စေ လို့သာ
ကျိန်ဆိုလိုက်ပါ...............။








2 ယောက်ကတော့ ဒီလိုမြင်တယ်...:

ပန်းခရေ said...

ကဗျာလေးတွေ သိပ်ကောင်းတယ်..
ကျိန်စာလေးက
သိပ်ကိုကောင်းတယ်..
အားပေးနေတယ်နော်..

nwayeeinlinn said...

ဒီကဗျာလေးက ချစ်စရာကောင်းပါတယ်...
ဖွဲ့ နွဲ့ ထားပုံလေးက တမျိုးလေးဆိုတော့...
ရင်ထဲမှာ ခံစားရပါတယ်...