ကျွန်တော်လား....သာမန်လူတစ်ယောက်ပါ....မနက်ဆိုရင်တော့ သီချင်းလေးနဲ့အိပ်ယာ ထတတ်တယ်.တစ်ခါတစ်ခါမှာအရမ်းလွမ်းတတ်တယ်.အပေါင်းအသင်းတွေကို အရမ်းမင်တတ်တယ်...

ရနံ့ပြင်းသည်




အဲဒီပန်းပေါ့
ငုံကတည်းက ပျား ပိတုန်းတွေအုံခဲနေတော့
ပထမအကြိမ် လိပ်ပြာ-ပိတုန်း စစ်ပွဲလည်း သူ့ကြောင့်ပဲ

သမိုင်းစာအုပ်မှာလည်း
ပိတုန်း-ပျား အရေးတော်ပုံ မရှိစေချင်ဘူး
တတိယကမ္ဘာစစ်ကြီးလည်း
လေလံပွဲမှာ ဖြစ်လာနိုင်တယ်

လုကြ ငေးကြရင်း
နေကြပ် ...လကြပ် ခဏခဏမဖြစ်စေချင်ဘူး

အားလုံးမှာ တာဝန်ရှိပေမယ့်
အသက်အောင့်ကျွမ်းကျင်တဲ့ ကျွန်တော်ပဲ
ဥယျာဉ်မှူးလုပ်လိုက်သည်...။


1 ယောက်ကတော့ ဒီလိုမြင်တယ်...:

min that thant said...

good ! i also want to be gardener who care only these flower ....